Blowjob ပေးရင် ဘယ်လိုရောဂါတွေ ကူးစက်ခံရနိုင်သလဲ
Blowjob ဆိုတာ လူငယ်အများစု သိပြီးသားဖြစ်ပေမယ့် ထပ်ပြီးရှင်းပြပေးရမယ်ဆိုရင်တော့ ဆက်ဆံဖော်ရဲ့ လိင်တံ၊ မိန်းမကိုယ်၊ စအိုဝကို ပါးစပ်၊ လျှာနဲ့ အရသာခံပြီး ဆွပေးတာပါပဲ။ ရှေးရိုးစွဲတွေအတွက်တော့ ရွံစရာကောင်းတဲ့ အပြုအမူဆိုပေမယ့် တစ်ကမ္ဘာလုံးအတွက်တော့ ဒါက ထူးဆန်းတာမဟုတ်တဲ့ လိင်ဆက်ဆံနည်းတွေထဲက အရိုးရှင်းဆုံးတစ်ခုပါပဲ။
လိင်ဆက်ဆံနည်းလို့ ဆိုရာမှာ
- မိန်းမကိုယ်ထဲ ထိုးသွင်းဆက်ဆံခြင်း (Vaginal Sex)
- စအိုဝထဲ ထိုးသွင်းဆက်ဆံခြင်း (Anal Sex)
- လိင်အင်္ဂါကို ပါးစပ်ဖြင့် နှိုးဆွခြင်း (Oral Sex) ဆိုပြီး ၃ မျိုးခွဲလို့ ရသလို၊ Oral Sex ကတော့ HIV/ STD ကူးစက်ခံရနိုင်ခြေ အနည်းဆုံး လိင်ဆက်ဆံနည်းလမ်းလို့ ဆိုရမှာပါ။
ကူးစက်ခံရနိုင်ခြေ နည်းတယ်ဆိုပေမယ့် လုံးဝ မကူးစက်နိုင်တာမဟုတ်လို့ တအားရဲပြီးတော့ မီးနီမဖြတ်ဖို့တော့ မှာချင်ပါတယ်။ ဘယ်လိုအခြေအနေတွေမှာ Blowjob ကြောင့် ပိုးကူးခံနိုင်ခြေ များလဲဆိုရင်
၁။ ပါးစပ်၊ လိင်အင်္ဂါမှာ အနာဖြစ်နေတာ
အနာဆိုတဲ့နေရာမှာ ရိုးရိုးထိခိုက်ထားတဲ့ အနာမျိုးလည်း ရှိသလို ရေယုန်နာ၊ ကြွက်နို့အနာ၊ မှိုစွဲအနာ၊ အရေပြားအနာကွက်တွေမျိုးစုံဟာ လိင်အင်္ဂါ၊ ကိုယ်ခန္ဓာအရေပြား၊ နှုတ်ခမ်းပတ်လည်နဲ့ ပါးစပ်ထဲမှာပါ ရှိနေနိုင်ပါတယ်။ လိင်ဆက်ဆံချိန်မှာတော့ ကိုယ်က တဏှာဇောနဲ့ မမြင်မိလိုက်နိုင်တာကြောင့် ဒီအနာကနေ သွေး၊ ပြည်ထွက်လာပြီး မျိုချမိလိုက်တာ ဒါမှမဟုတ် လိင်ဆက်ဆံဖော်ရဲ့ ပိုးက အနာထဲက ပေါက်နေတဲ့နေရာထဲကို ဝင်သွားနိုင်ပါတယ်။
၂။ လိင်မဆက်ဆံခင် ထိခိုက်ပွန်းပဲ့မိတာ
ပါးစပ်ကလေး အာပုပ်နံ့ကင်းပြီး မွှေးပျံ့နေချင်ဇောနဲ့ လိင်မဆက်ဆံခင်လေးမှာ သွားတိုက်တာ၊ လျှာခြစ်တာတွေ လုပ်မိတတ်ပါတယ်။ အဲဒီလိုအချိန်မှာ မတော်တဆ ထိခိုက်ပွန်းပဲ့မိသွားပြီဆိုရင် သွေးထွက်လာနိုင်သလို အနာဖြစ်သွားတဲ့အတွက် ဆက်ဆံဖော်မှာ ပိုးရှိရင် မတော်တဆ ကူးသွားနိုင်ပါတယ်။
၃။ သုက်ရည်၊ မိန်းမကိုယ်က ထွက်တဲ့ အရည်တွေ မျိုချမိတာ
ဒါကတော့ Oral Sex ကြောင့် ပိုးကူးနိုင်ခြေအများဆုံး အခြေအနေတစ်ခုပါ။ အာခံတွင်းရဲ့ ပူနွေးတဲ့အထိအတွေ့ကြောင့် ကာမစည်းစိမ် ယစ်မူးရင်း မေ့မေ့ပျောက်ပျောက်ဖြစ်ပြီး ဆက်ဆံဖော်ရဲ့ ပါးစပ်ထဲ သုက်ရည်တွေ ပန်းထည့်လိုက်တာ၊ မိန်းမကိုယ်အရည်တွေ ဝင်သွားတာ၊ အဲဒီအရည်တွေကို မျိုချမိလိုက်တာ၊ ဒါတွေအားလုံးက ပိုးကူးစက်နိုင်ခြေ အလွန်များတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။
၄။ လည်ချောင်းထိရောက်အောင် ထိုးသွင်းခြင်း
ယောက်ျားလေးအချို့ဟာ Deep Throat လိုမျိုး ကိုယ့်ရဲ့ လိင်တံကို ဆက်ဆံဖော်ရဲ့ ပါးစပ်ထဲ အတင်းဆောင့်ထည့်ရင်း အာခေါင်၊ လည်ချောင်းအထိ ရောက်သွားတဲ့ခံစားချက်ကို ကြိုက်နှစ်သက်ကြပါတယ်။ အထူးသဖြင့် လိင်တံကြီး၊ ရှည်တဲ့ ယောက်ျားလေးတွေ ပိုလုပ်တတ်ပါတယ်။ ဒီလိုမျိုး အားနဲ့ အတင်းထိုးသွင်းလိုက်တဲ့အခါ လည်ချောင်းကို ဒဏ်ဖြစ်စေသလို လိင်တံပတ်လည်မှာ ရှိနေတဲ့ ပိုးတွေ၊ လိင်တံထိပ်ကနေ ထွက်လာတဲ့ သုက်ရည်၊ သုက်ရည်ကြည်တွေအားလုံး လည်ချောင်းထိ ရောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်သွားဖို့ ပိုလွယ်ကူပါတယ်။
၅။ တခြားရောဂါတွေ ရှိနေတာ
ဒါကတော့ HIV/ STDs နဲ့တော့ မသက်ဆိုင်ပါဘူး။ ကိုယ့်လိင်အင်္ဂါကို စုပ်ယူတဲ့ ဆက်ဆံဖော်ရဲ့ ပါးစပ်က ခံတွင်းနံ့မကောင်းတာ၊ ခံတွင်းသန့်ရှင်းရေးကို သေချာမလုပ်တာ၊ သွားနဲ့ သွားဖုံးမှာ ရောဂါတွေဖြစ်နေတာ၊ သွားဖုံးသွေးထွက်နေတာ၊ ခံတွင်းကင်ဆာလို ရောဂါတွေဖြစ်လာတဲ့အခါ အဲဒီရောဂါပိုးတွေက ပါးစပ်ထဲကနေ ကူးစက်ဝင်ရောက်နိုင်ဖို့ အရမ်းလွယ်ကူပါတယ်။
Oral Sex ကနေ ကူးနိုင်တဲ့ ရောဂါတွေကတော့
- HIV ပိုး
- ကာလသားရောဂါပိုး
- ကြွက်နို့ HPV ပိုး
- ရေယုန် HSV ပိုး
- ဂနိုရောဂါပိုး
- ခလက်မီးဒီးယားရောဂါပိုး
- အရေပြားမှို
- ခံတွင်းထဲက ဘက်တီးရီးယားတွေ အားလုံး ကူးစက်နိုင်ပါတယ်။
ရဲမျိုးမြတ်
Zin Minn Aung 14 Jan 2023 |
အကယ်၍သုက်ကိုပေါ့နော် မျိုးချလိုက်ရင် အန္တာရယ်ရှိလားဗျ ဘယ်လိုဆိုးကျိုးတွေဖြစ်လိမ့်မလဲဗျ။